Computer & Mobile တွေအပြင် တခြားသော ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ Projector, Printer တွေအားလုံးကို AYA Bank Credit Card ကိုင်ဆောင်ထားသူများ Simple Pay ဖြင့်ဝယ်ယူပါက (၆)လတိတိ အတိုးမဲ့ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

AYA Credit Card ကိုင်ဆောင်ထားသူများအနေဖြင့် SimplePay Plan လျှောက်ဝယ်ယူမည်ဆိုပါက အနည်းဆုံးပမာဏ (၁၅၀,၀၀၀)ဖိုးကျပ်အထက်ဝယ်ရမည်ဖြစ်ပြီး AYA POS စက်ဖြင့် ပေးချေဝယ်ယူရမှာဖြစ်ပါတယ်.

Credit Limit မှာလည်း ဝယ်ယူမည့် ငွေပမာဏ လုံလောက်ခြင်း ရှိမရှိ နှင့် ကတ်သက်တမ်း ပြည့်မီခြင်းရှိ ၊ မရှိတို့ကို ကြိုတင်စစ်ဆေးထားရမည်ဖြစ်သည်။ သက်တမ်းကုန်ဆုံးခါနီးကတ်များဖြင့် ဝယ်ယူထားသော ပစ္စည်းများအား SimplePay Plan ပြောင်းလဲ၍ရမည်မဟုတ်ကြောင်း သိရှိထားရမည်။

ဝယ်ယူပြီးနောက် (၇)ရက်အတွင်း Credit Card ကိုင်ဆောင်ထားသူ ကိုယ်တိုင် ရုံးချိန်အတွင်း ဖုန်းနံပါတ် ( 09458588953) သို့ ဆက်သွယ်ကာ အရစ်ကျ စနစ် ( AYA SimplePay)ဖြစ်ဖို့လျှောက်ထားရပါမည်။

အွန်လိုင်းမှ လျှောက်ချင်သူတွေအတွက် အောက်ပါလင့်ခ် မှတဆင့် ဝင်ရောက်ကာ ဖြည့်စွက် လျှောက်ထားနိုင်ပါသည်။
https://simplepay.ayabank.com/

လျှောက်ထားပြီးပြီဆိုရင်တော့ (၆)လတိတိ အတိုးပေးစရာမလိုပဲ အရစ်ကျစနစ်ဖြင့် အကြုံးဝင်သွားပြီဖြစ်ပါတယ်။

ဒါ့အပြင် IT & Mobile ဆက်စပ်ပစ္စည်းများကို တခြား အရစ်ကျစနစ်တွေဖြစ်တဲ့ AEON, MahaBawGa & Rent2Own များဖြင့်လည်း ရွေးချယ်ဝယ်ယူနိုင်ပါသေးတယ်

ပြန်ပေးတဲ့အခါမှာ (၃လ), (၆လ), (၉လ), (၁၂လ) စသည်ဖြင့်အသီးသီးရွေးချယ်ပြီး ပြန်လည်ပေးသွင်းနိုင်ပါတယ်။

အရစ်ကျဝယ်ယူဖို့အတွက် …

1#Aeon Microfinance

2#MaHar BawGa Microfinance

3#Rent 2 Own Microfinance. ဆိုပြီး(၃)မျိုးရွေးချယ်နိုင်ပါတယ်။

1#Aeon Microfinance

လတ်လောအခြေအနေအရ Aeon ဖြင့်လျှောက်ထားဝယ်ယူမည်ဆိုပါက Member ဖြစ်ဖို့လိုပါတယ်။

Member ဖြစ်မဖြစ်သိနိုင်ဖို့ကိုတော့ ဖုန်းနံပါတ်ဖြစ်တဲ့ 09969712111 သို့ဆက်သွယ်၍ (နံမည်,မှတ်ပုံတင်)တို့ကို ပြော၍ မေးနိုင်ပါတယ်။

Aeon Member ဖြစ်ပြီဆိုရင်တော့ လိုအပ်တဲ့စာရွက်စာတမ်းများနဲ့အတူလာရောက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

*မှတ်ပုံတင်မူရင်း နှင့်မိတ္တူ, ဝန်ထမ်းကဒ်

*ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာ

*ကိုယ်ပိုင်လုပ်ငန်းဖြစ်ပါက (လုပ်ငန်းလိုင်စင်)

*ရပ်ကွက်အတွင်းနေထိုင်ကြောင်းထောက်ခံစာ(၁ လအတွင်း) (သို့မဟုတ်)ယာယီဧည့်စရင်းမိတ္တူ (သို့မဟုတ်) မီတာစာရွက်(၃)လစာ,(သို့မဟုတ်)WiFi ပြေစာ(Digital မရ)

*အာမခံပေးမည့်သူ(လူကိုယ်တိုင်)
(မှတ်ချက်-မိသားစုအတူနေသူအချင်းချင်းထောက်ခံပေးလို့မရပါ)

အဆိုပါအချက်တွေပြည့်စုံရင်တော့ လိုချင်တဲ့ ပစ္စည်းတွေကိုအရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်ဖို့အတွက်လာရောက်လျှောက်ထားဝယ်ယူနိုင်မှာဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက 09455023377 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Aeon အတိုးနှန်းနဲ့ချေးငွေ ပြန်သွင်းရန်နှင့်တွက်ချက်ရန်အတွက် : https://aeonmicrofinance.com.mm/en/our-services/loan-calculation

2#MaHa BawGa Microfinance

မဟာဘောဂဖြင့် ချိတ်ဆက်ဝယ်ယူမယ်ဆိုရင်တော့ လိုအပ်တဲ့အချက်တွေက-

*မှတ်ပုံတင်(မူရင်း)

*သန်ခေါင်းစရင်း မူရင်း(နယ်သန်းခေါင်းစရင်းဖြစ်ပါက ဧည်စရင်းမူရင်း)

*ဝန်ထမ်းကဒ်မူရင်း

*အလုပ်ထောက်ခံစာ

*ရပ်ကွက်ထောက်ခံစာမူရင်း(သို့မဟုတ်)မီတာဘေ

*ကိုယ်ပိုင်လုပ်ငန်းဖြစ်ပါက လုပ်ငန်းလိုင်စင်၊အခွန်ပြေစာ(သို့မဟုတ်)လုပ်ငန်းလုပ်ကိုင်ကြောင်းရပ်ကွက်ထောက်ခံစာနဲ့ ဓာတ်ပုံ(၃)ပုံ

#အာမခံပေးသူအတွက်ကတော့

*မှတ်ပုံတင်မူရင်း

*သန်ခေါင်းစာရင်း မူရင်း(နယ်သန်းခေါင်းစာရင်းဖြစ်ပါက ဧည်စာရင်းမူရင်း)

*ဝန်ထမ်းကဒ်မူရင်း

*ကိုယ်ပိုင်လုပ်ငန်းဖြစ်ပါက လုပ်ငန်းလိုင်စင်၊အခွန်ပြေစာ(သို့မဟုတ်)လုပ်ငန်းလုပ်ကိုင်ကြောင်းရပ်ကွက်ထောက်ခံစာနဲ့ ဓာတ်ပုံ(၃)ပုံ

အထက်ပါအချက်တွေပြည့်စုံပါက လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားတဲ့အခါ ဝည်ယူမယ့် ပစ္စည်းတန်ဖိုးအတွက် ကနဦး Down payment (အနည်းဆုံး -၂၀%)ပေးချေပေးရပါမယ်။

ဒါ့အပြင် လက်ကျန်ပမာဏအတွက် 7% Admin Fees ကိုလည်းပေးသွင်းရပါမယ်။

ကျန်တဲ့ပမာဏကိုတော့ ရွေးချယ်တဲ့ လ အလိုက်တဖြည်းဖြည်းပေးချေကာ ဝယ်ယူနိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက 09455023377 သို့မေးမြန်းနိုင်ပါတယ်။

မဟာဘောဂ အတိုးနှန်းနဲ့ချေးငွေ ပြန်သွင်းရန်နှင့်တွက်ချက်ရန်အတွက် : http://leasingsimulator.maharbawga.net/calculator/1

3#Rent 2 Own Microfinance

နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည်ဆိုပါက လိုအပ်တဲ့အချက်တွေကတော့ –

*မှတ်ပုံတင် (မူရင်း)

*ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာ

*အိမ်ထောင်စုစရင်း(မူရင်း)

*ထောက်ခံမည့်သူ၏ မှတ်ပုံတင်မူရင်း

*ထောက်ခံမည့်သူ၏ အိမ်ထောင်စုစရင်း(မူရင်း)

*ရပ်ကွက်ထောက်ခံစာ (၂ ပတ်အတွင်းယူထားသော)

*အိမ်သုံးအခွန်စာရွက်အမျိုးမျိုး

အဆိုပါလိုအပ်ချက်တွေအားလုံးပြည့်စုံပြီဆိုရင်တော့ နာရီပိုင်းအတွက် လိုချင်တဲ့ပစ္စည်းတွေကို ပိုင်ရမှာဖြစ်ပါတယ်။

လျှောက်ထားဝယ်ယူသည့်အခါ ဝယ်ယူသည့်ပမာဏ၏ ကနဦးပေးသွင်းငွေ အနည်းဆုံး (၃၀%)ပေးသွင်းရပါမယ်။

အကယ်၍ (၄၀%)အထိပေးသွင်းပါက အာမခံသူမလိုတော့ပါ။ (သို့သော်) အချက်အလတ်မပြည့်စုံပါက အာမခံသူလိုအပ်ပါမယ်။

အသေးစိတ်သိရှိလိုပါက 09455023377 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Rent to Own အတိုးနှန်းနဲ့ချေးငွေ ပြန်သွင်းရန်နှင့်တွက်ချက်ရန်အတွက် : Loan Calculator (vnapp.xyz)