News

Printer Ink Installation

မိတ်ဆွေတို့အနေဖြင့် Printer တစ်လုံးအသစ်ဝယ်တယ်ဆိုပါဆို့….ဆေးတစ်ခါတည်းထည့်ပေးလိုက်လို့ အဆင်သင့်သုံးယုံပဲဆိုရင် ပြသနာမရှိပေမယ့်လို့ ,တစ်ကယ်လို့များ နယ်က Customer တွေနဲ့ (သို့မဟုတ်) ပါကင်ပဲ ဝယ်ယူထားတယ်ဆိုရင်တော့ အဲ့ဒီ Printer ကိုအသုံးပြုနိုင်ဖို့အတွက် Setup လုပ်ရာမှာ ဖြစ်ပါတယ်။Tech နဲ့ကျွမ်းကျင်မှု့ရှိသူတွေကတော့ ဒီကိစ္စကို အလွယ်တကူဖြေရှင်းနိုင်ပေမယ့်လို့ တော်ရုံသူများအတွက်တော့ အဆင်မပြေမှု့တွေကြုံနေရတာတွေ့ရပါတယ်။ဒါကြောင့်မို့ Printer အသစ်တစ်လုံးအတွက် အရင်ဆုံး မှင်ထည့် Installation ပေးမထားတဲ့အခါ ကိုယ်တိုင် လွယ်ကူစွာ လုပ်နိုင်ရန်အတွက် နည်းလမ်းတစ်ချို့ကို အဆင်ပြေစေရန် ဖေါ်ပြပေးပါမယ်နော်။Printer တိုင်းကို Orignal Ink ကိုအသုံးပြုခြင်းဖြင့် အာမခံတစ်နှစ်ကို ရရှိနိုင်မှာဖြစ်ပြီး အာမခံ သက်တမ်းအတွင်း China Ink တွေကိုအသုံးပြုရင်တော့ အာမခံ ပျက်နိုင်ပါတယ်။#Epson အများစု inkjet Printer တွေဟာ အသုံးမပြုမှီအစပိုင်းမှာ Ink Installation လုပ်ဖို့လိုအပ်ပါတယ်။အဲ့လိုလုပ်ဖို့အတွက် ပထမဆုံး မှင်အရင်ထည့်ရပါမယ်။ ပြီးသွားရင်တော့ Reset ခလုတ်ကို (၅)စက္ကန့်လောက်ဖိထားပေးပါ။ထိုအခါ ပါဝါမီးနဲ့ Reset ခလုတ် မီး(၂)မျိုးစလုံး အလုပ်လုပ်နေကြောင်းပြပါလိမ့်မယ်, ပျမ်းမျှ (၁၀)မိနစ်လောက်ရောက်တဲ့အခါမှာတော့ ငြိမ်သွားပါလိမ့်မယ် ,အဲ့ဒီအနောက် ကိုအသုံးပြုမယ့် Printer အမျိုးအစားရဲ့ Driver installation ကို မိမိရဲ့ Computer မှာထည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။Wifi direct ပါတဲ့ Epson အမျိုးအစားတွေကိုတော့ အလွယ်တကူ ဖုန်းမှဆင့် Epson i Print ဆိုတဲ့ App လေးကိုဒေါင်းပြီးတော့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။#Canon အမျိုးအစားတွေကို ဝယ်ယူတဲ့အခါ ink installation ကိုတော့ ပါဝင်တဲ့ Display မှာ ပြထားတဲ့ Guideline အတိုင်းလုပ်သွားပေးယုံပဲမို့ လွယ်ကူပါတယ်။#HP inktank အမျိုးအစားတော်တော်များများကို ဝယ်ယူတဲ့အခါမှာတော့ မှင်ထည့်ပြီး တစ်ခါတည်း တန်းအသုံးပြုနိုင်ပေမယ့် HP Officejet အမျိုးအစားတွေဆိုရင်တော့ Printer installation လုပ်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။သူသည်လည်းပဲ LCD Display ရဲ့လမ်းညွှန်ချက်အတိုင်း လွယ်ကူစွာ လုပ်ပေးလိုက်ယုံပါပဲ ။အချိန်တော့ နဲနဲစောင့်ပေးရပါမယ်။ Laser jet printer တွေကတော့ရှင်းပါတယ် Cartridge ထည့်ပြီးတန်းအသုံးပြုယုံပါပဲ။အခုပြောပြပေးခဲ့တာတွေကတော့ Inkjet Printer အသစ်တစ်လုံးကို ဝယ်ယူတဲ့အခါမှာ Ink installation လုပ်ပေးရ မယ့်အချက်တစ်ချို့ကို ပြောခဲ့တာဖြစ်ပါတယ်။ အခက်ခဲတစ်စုံတစ်ရာဖြစ်ပေါ်နေရင်လည်း အောက်လိပ်စာများမှာရှိတဲ့ဖုန်းနံပါတ်များကို ခေါ်ဆိုပြီး မေးမြန်းစုံစမ်းနိုင်ပါတယ်ခမျာ။

(၅)သိန်းပတ်လည်မှာရှာဖွေသော်...!

အကယ်၍ ဖုန်းတစ်လုံးကို (၅)သိန်းဝန်းကျင်နဲ့

ဘာတွေရမလဲလို့ လေ့လာကြည့်တဲ့အခါမှာတော့ဖြင့်…..!

အောက်ပါမော်ဒယ်တစ်ချို့ကို တွေ့ရှိရမှာဖြစ်ပါတယ်။Midrange model တွေအများစုဟာ Performance ပိုင်းမှာလည်း ချွန်းမထွက်နေသလို နေ့စဥ်အသုံးပြုမှု့အတွက်
လုံလောက်တဲ့ ပမာဏနဲ့ ထွက်ရှိထားတာဖြစ်ပါတယ်။

ကင်မရာလည်း အဆင်ပြေရမယ်,ဒီဇိုင်းပိုင်းဆိုလည်း ဆွဲဆောင်မှု့ရှိရမယ်,Game တွေဘာတွေလည်း Hight Setting အဆင့်မဟုတ်တောင် ကောင်းကောင်းဆော့ချင်တယ်ဆိုသူတွေအတွက် ငွေ(၅)သိန်းပတ်လည်လောက်ကပဲရွေးချယ်ဖို့ သင့်တော်တာလည်းဖြစ်နေပါတယ်။

#Galaxy A23 6/128GB -569,000
One UI Fan တွေအတွက် Build quality & Design ပိုင်းမှာ
ဆွဲဆောင်မှု့ရှိပြီးတော့ Snapdragon 680 နဲ့အတူ FHD Display ကိုမှ 90Hz ရတဲ့မော်ဒယ်လေးလည်းဖြစ်ပါတယ်။
Fast charger 25Watt အထိ support လုပ်ပေမယ့် ,ဘူးထဲမှာတော့ 15Watt adapter ပဲပါပါတယ်။

ဒီမော်ဒယ်လေးကတော့ Samsung Fan လည်းဖြစ်တယ်။ပြီးတော့ ဒီဈေးလောက်နဲ့ပဲ အရမ်းကြီး Cheap ဖြစ်တာမျိုးလည်း မလိုချင်ဘူးဆိုသူတွေအတွက် သူ့အပေါ်က M33 5G အစား ဈေးအရပါသက်သာလို့ ရွေးချယ်စရာတစ်ခုပါပဲ။

#Redmi Note 11 Pro 5G (8/128GB)-579,000
Xiaomi ကတော့ Price to performance ပိုင်းမှာ အထူးပြောစရာအလို တစ်ကယ်မိုက်တဲ့ Note 11 Pro ပါပဲ။

များပြားလှတဲ့ Note 11 Series တွေထဲမှာ Pro အဖြစ်ဆုံး
ဖြစ်ပြီး,Global Version ဖြစ်တာကြောင့် အာမခံနဲ့ Google ပိုင်းလည်းပူစရာမလို,Snapdragon SOC ဖြစ်တာကြောင့် Performance လည်းအငြိမ်ပါပဲ။

ဒီဖုန်းကတော့ Game ဆော့မလား..ဘာလုပ်မလဲ အားလုံးအိုကေတာဖြစ်ပြီး ,Camera ပိုင်းကတော့ ပုံမှန်ပါပဲ။

#OnePlus Nord CE2 Lite (6/128GB)-528,000
Oxygen OS ဟာနောက်ပိုင်းမှာ Colour OS နဲနဲရောနေတာမျိုးတော့ရှိပါတယ်။ ဒါပေမယ့် ဒီ Oneplus Nord CE2 5G လေးကိုရွေးချယ်ရမယ့် အချက်တွေကတော့ SOC ပိုင်းမှာ Snapdragon 695 ,120Hz Display တွေကြောင့် ပြိုင်ဘက်တွေနဲ့ယှဥ်ရင်တော့ Performance အရမိုက်နေပြန်ပါတယ်။ LCD Display ကြောင့် (side mounted)fingerprint တွေကြောင့် စဥ်းစားနေတယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ ကိုယ်က 120Hz ရတဲ့ LCD Display ကိုအဆင်ပြေတယ်ဆိုရင်တော့ ဒီမော်ဒယ်လေးမှာ 33Watt fastcharger နဲ့အတူ ပေါ့ပေါ့ ပါးပါး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

#Realme 9 (8/128GB) -539,000
ဒါမှဒါဆိုတဲ့ တစ်ချို့ Brand တစ်ခုကိုပဲ စွဲစွဲမြဲမြဲ အသားကျပြီး အသုံးပြုနေကြတဲ့ သူတစ်ချို့အတွက် နောက်ဆုံးဆိုတဲ့မော်ဒယ်က လုံးဝ Update ဖြစ်နေတာပါပဲ၊

Realme fans တွေအတွက် ဒီ 9 Series လေးဟာ ဒီဇိုင်းပိုင်းကော ,ကင်မရာပိုင်းကော အားလုံး ဖြည့်ဆည်းပေးထားတာမို့ အကယ်၍ သင်က Realme Fan ဆိုရင်တော့ လုံးဝ ရွေးချယ်သင့်တဲ့ မော်ဒယ်လေးတစ်လုံးပါပဲ။

#5.Huawei Nova 8i (8/128GB) -499,000
အရင်ထွက်ရှိခဲ့တဲ့ ဆရာ့ဆရာကြီး Mate 30 တို့ဘာတို့ကို သိခဲ့တယ်ဆိုရင် ဒီ Huawei Nova 8i လေးဟာ လည်းအဲ့လိုမျိုး ဒီဇိုင်းလေးပဲဗျ ,

Body design တည်ဆောက်ပုံ လုံးမိုက်နေပြီးတော့ Midrange တန်းမှာ လေးထောင့်တွေဖြစ်နေပေမယ့် ကျောဘက် အခုံးလေးဖြစ်နေတာလေးကိုက Premium ဆန်သလိုဖေါ်ဆောင်နေတာဖြစ်ပါတယ်။

UI ပိုင်းမှာ Stable ဖြစ်ပြီးသား Huawei တွေဟာ ဆက်လက်ပြီးလည်း Stable ဖြစ်နေမှာပါ။

Google service တွေမရဘူးပြောနေကြပေမယ့်လည်း G Space လိုမျိုးတွေနဲ့ကောင်းကောင်းအသုံးပြုလို့ရပါတယ်။ ကင်မရာပိုင်း နဲ့ အသွင်းမြန် 66Watt super charge တွေကတော့ သင့်ကို မငြီးငွေစေပါဘူး။