မိတ်ဆွေတို့အနေဖြင့် Printer တစ်လုံးအသစ်ဝယ်တယ်ဆိုပါဆို့….ဆေးတစ်ခါတည်းထည့်ပေးလိုက်လို့ အဆင်သင့်သုံးယုံပဲဆိုရင် ပြသနာမရှိပေမယ့်လို့ ,တစ်ကယ်လို့များ နယ်က Customer တွေနဲ့ (သို့မဟုတ်) ပါကင်ပဲ ဝယ်ယူထားတယ်ဆိုရင်တော့ အဲ့ဒီ Printer ကိုအသုံးပြုနိုင်ဖို့အတွက် Setup လုပ်ရာမှာ ဖြစ်ပါတယ်။Tech နဲ့ကျွမ်းကျင်မှု့ရှိသူတွေကတော့ ဒီကိစ္စကို အလွယ်တကူဖြေရှင်းနိုင်ပေမယ့်လို့ တော်ရုံသူများအတွက်တော့ အဆင်မပြေမှု့တွေကြုံနေရတာတွေ့ရပါတယ်။ဒါကြောင့်မို့ Printer အသစ်တစ်လုံးအတွက် အရင်ဆုံး မှင်ထည့် Installation ပေးမထားတဲ့အခါ ကိုယ်တိုင် လွယ်ကူစွာ လုပ်နိုင်ရန်အတွက် နည်းလမ်းတစ်ချို့ကို အဆင်ပြေစေရန် ဖေါ်ပြပေးပါမယ်နော်။Printer တိုင်းကို Orignal Ink ကိုအသုံးပြုခြင်းဖြင့် အာမခံတစ်နှစ်ကို ရရှိနိုင်မှာဖြစ်ပြီး အာမခံ သက်တမ်းအတွင်း China Ink တွေကိုအသုံးပြုရင်တော့ အာမခံ ပျက်နိုင်ပါတယ်။#Epson အများစု inkjet Printer တွေဟာ အသုံးမပြုမှီအစပိုင်းမှာ Ink Installation လုပ်ဖို့လိုအပ်ပါတယ်။အဲ့လိုလုပ်ဖို့အတွက် ပထမဆုံး မှင်အရင်ထည့်ရပါမယ်။ ပြီးသွားရင်တော့ Reset ခလုတ်ကို (၅)စက္ကန့်လောက်ဖိထားပေးပါ။ထိုအခါ ပါဝါမီးနဲ့ Reset ခလုတ် မီး(၂)မျိုးစလုံး အလုပ်လုပ်နေကြောင်းပြပါလိမ့်မယ်, ပျမ်းမျှ (၁၀)မိနစ်လောက်ရောက်တဲ့အခါမှာတော့ ငြိမ်သွားပါလိမ့်မယ် ,အဲ့ဒီအနောက် ကိုအသုံးပြုမယ့် Printer အမျိုးအစားရဲ့ Driver installation ကို မိမိရဲ့ Computer မှာထည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။Wifi direct ပါတဲ့ Epson အမျိုးအစားတွေကိုတော့ အလွယ်တကူ ဖုန်းမှဆင့် Epson i Print ဆိုတဲ့ App လေးကိုဒေါင်းပြီးတော့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။#Canon အမျိုးအစားတွေကို ဝယ်ယူတဲ့အခါ ink installation ကိုတော့ ပါဝင်တဲ့ Display မှာ ပြထားတဲ့ Guideline အတိုင်းလုပ်သွားပေးယုံပဲမို့ လွယ်ကူပါတယ်။#HP inktank အမျိုးအစားတော်တော်များများကို ဝယ်ယူတဲ့အခါမှာတော့ မှင်ထည့်ပြီး တစ်ခါတည်း တန်းအသုံးပြုနိုင်ပေမယ့် HP Officejet အမျိုးအစားတွေဆိုရင်တော့ Printer installation လုပ်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။သူသည်လည်းပဲ LCD Display ရဲ့လမ်းညွှန်ချက်အတိုင်း လွယ်ကူစွာ လုပ်ပေးလိုက်ယုံပါပဲ ။အချိန်တော့ နဲနဲစောင့်ပေးရပါမယ်။ Laser jet printer တွေကတော့ရှင်းပါတယ် Cartridge ထည့်ပြီးတန်းအသုံးပြုယုံပါပဲ။အခုပြောပြပေးခဲ့တာတွေကတော့ Inkjet Printer အသစ်တစ်လုံးကို ဝယ်ယူတဲ့အခါမှာ Ink installation လုပ်ပေးရ မယ့်အချက်တစ်ချို့ကို ပြောခဲ့တာဖြစ်ပါတယ်။ အခက်ခဲတစ်စုံတစ်ရာဖြစ်ပေါ်နေရင်လည်း အောက်လိပ်စာများမှာရှိတဲ့ဖုန်းနံပါတ်များကို ခေါ်ဆိုပြီး မေးမြန်းစုံစမ်းနိုင်ပါတယ်ခမျာ။